ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (TIP) စီမံကိန်းကဏ္ဍအလိုက်အကောင်အထည် ဖော်ဆောင်ရေးကော်မတီအစည်းအဝေးကျင်းပခြင်း

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတို့သည် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာန(ITC) နှင့် ပူးပေါင်း၍ UK နိုင်ငံ အစိုးရ DFIDအဖွဲ့အစည်း၏ရန်ပုံငွေပံ့ပိုးမှုဖြင့် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ကိုလည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန် လည်းကောင်း၊ မြန်မာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း (TIP) ကို ၂၀၁၉ ခုနှစ်၊ (၁၂.၃. ၂၀၁၉) ရက်နေ့မှ (၁၄.၃.၂၀၁၉) ရက်နေ့အထိ  နံနက် (၉:၀၀) နာရီ မှ ညနေ (၁၆:၀၀) အထိ  ရန်ကုန်မြို့၊ UMFCCI ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန ၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး နှင့် ဌာနဆိုင်ရာအသီးသီးမှ အဆင့်မြင့်အရာရှိများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်မှ အထွေထွေအတွင်းရေးမှူးနှင့်အသင်းအဖွဲ့များမှတာ၀န်ရှိသူများ၊ နိုင်ငံ တကာကုန်သွယ်မှုဗဟိုဌာနမှ Senior Adviser Mr.Charles Roberge နှင့်ကျွမ်းကျင် ပညာရှင်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

နိုင်ငံ၏ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်တာကာလ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ၂၀၂၀-၂၀၂၅  စီမံချက်အတွက် အမျိုးသားပို့ကုန်မဟာဗျူဟာကို ထပ်မံတိုးချဲ့ ဆောင်ရွက်နိုင်ရန်နှင့် NES တွင်ပါဝင်သော ကဏ္ဍများ၏ Plan of Action များတွင် ပါရှိသည့် ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်ရန် ရှိ/မရှိ နှင့် ထပ်မံထည့်သွင်းလိုသည့် အချက်များကို Update လုပ်ဆောင်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

 

                                                                                                                                        NES Unit